စုကလိ ဧပြီ ၅
စုကလိမြို့တွင် ဒေသတွင်းစီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ဘိလပ်မြေအုတ်လုပ်ငန်းအား ဇန်နဝါရီ လမှ စတင်လုပ်ကိုင်လာခဲ့ပြီး ယခုအခါတွင် စျေးကွက်တွင်းသို့ ရောင်းချလာနိုင်ခဲ့ပြီးဖြစ်သည်။
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့သည် ခရီးသွားလာရခက်ခဲသော မြို့ဖြစ်ပြီး ဒေသတွင်း စီးပွားရေးအနေဖြင့် တောင်ယာလုပ်ငန်းဖြစ်သည့် အစေ့ထုတ်ပြောင်း စိုက်ပျိုးခြင်းလုပ်ငန်းအပြင် ယခုအုတ်လုပ်ငန်းအား စတင်၍လုပ်ကိုင်လာကြခြင်းဖြစ်သည်။ ဘိလပ်မြေ ၅၀ ကီလိုပါ တစ်အိတ်လျှင် အုတ်အလုံးရေ ၁၇၀ လုံးခန့်ထွက်ရှိပြီး တစ်လုံးလျှင် ထိုင်းဘတ်ငွေ ၃ ဘတ်ဖြင့် ရောင်းချရကာ ကိုယ်ပိုင်ဝင်ငွေ ပုံမှန်ရရှိလျက်ရှိကြောင်း အုတ်လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။
ပိုပိုအောင်