နေပြည်တော် ၁၆ ဇူလိုင် 

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနယ်မြေတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များနှင့် ဆက်စပ်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကို ထပ်မံစိစစ် အတည်ပြုရန် ဖွဲ့စည်းခဲ့သည့် စုံစမ်းစစ်ဆေးရေးခုံရုံးမှ အဖွဲ့ဝင်များသည် စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နိုင်ရန်အတွက် ဇူလိုင် ၁၅ ရက်က ရခိုင်ပြည်နယ်သို့ ထွက်ခွာသွားကြောင်း သိရသည်။

စုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့သည် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော နယ်မြေတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များနှင့် ဆက်စပ်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကို စိစစ်အတည်ပြုရန် ဘူးသီးတောင်နယ်မြေသို့ ပထမအကြိမ် သွားရောက်စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

သတင်းစဉ်