နေပြည်တော်  ၁ သြဂုတ်

မန္တလေးတိုင်းဒေသကြီး၊ ရှမ်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်တွင် ရှမ်းတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သူ ဒေါ်နန်းထွေးမှုံက ယင်းမဲဆန္ဒနယ်တွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူ ဦးစိုင်းပန်းဆိုင်(ခ) ဦးစိုင်းထွန်းစိန်(ခ) ဦးကျော်စိန်အပေါ် ကန့်ကွက်လွှာတင်သွင်းခဲ့သဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်ခံခဲ့ပြီး ရွေးကောက်ပွဲခုံအဖွဲ့(၂)ဖြင့် ကြားနာစစ်ဆေးခဲ့ရာ ဦးစိုင်းပန်းဆိုင်(ခ) ဦးစိုင်းထွန်းစိန်(ခ) ဦးကျော်စိန်အား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင်အတည်ဖြစ်ကြောင်းနှင့် လျှောက်ထားသူ ဒေါ်နန်းထွေးမှုံ၏ ကန့်ကွက်လွှာကိုပယ်ကြောင်း ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။ ယင်းဆုံးဖြတ်ချက်အပေါ် မူလလျှောက်ထားသူ ဒေါ်နန်းထွေးမှုံက အယူခံမှုလျှောက်ထားတင်ပြလာရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ အယူခံမှုအမှတ် (၂/၂၀၁၉)ဖြင့် လက်ခံခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ကော်မရှင် အဖွဲ့ဝင်အားလုံးပါဝင်သည့် စုံညီခုံရုံးက ယင်းအမှုကို ဇူလိုင် ၁၇ ရက်တွင် ကြားနာမှုပြုခဲ့ပြီးနောက် “မန္တလေးတိုင်းဒေသကြီး၊ ရှမ်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်တွင် ရှမ်းတိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ်အဖြစ် ဦးစိုင်းပန်းဆိုင်(ခ) ဦးစိုင်းထွန်းစိန်(ခ)ဦးကျော်စိန်အား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင်အတည်ဖြစ်ကြောင်း” ရွေးကောက်ပွဲခုံအဖွဲ့(၂)၏ ဆုံးဖြတ်ချက်ကို အတည်ပြု၍ ဒေါ်နန်းထွေးမှုံ၏ အယူခံလျှောက်ထားချက်ကို ပလပ်လိုက်သည်ဟု ယနေ့ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်