လောင်းလုံး  ၂၀  အောက်တိုဘာ

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာ၌ CycloneShelter တည်ဆောက်နိုင်ရေးအတွက် အဆိုပြုမြေနေရာ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ ညနေပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ CycloneShelter တည်ဆောက်နိုင်ရေးအတွက် အဆိုပြုမြေနေရာ ကွင်းဆင်းကြည့်ရှု စစ်ဆေးရာ၌ ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်၀င်းစန္ဒာကြည်၊ လောင်းလုံးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး၊ မြို့နယ်မြေစာရင်း၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများနှင့် စမ်းလှမ်းကျေးရွာအုပ်ချုပ်ရေးမှူးတို့က ပါဝင်ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

 

သိန်းသိန်း (ပြန်/ဆက်)

 

mdn