၅ နိုဝင်ဘာ
ဆေးလွန်သွားတဲ့အတွက် ဆေးရုံတက်ခဲ့ရပြီးနောက် ပြန်လည်ထူထောင်ရေးစခန်းကို တက်ခဲ့ရတဲ့ ဒဲမီလိုဗာတိုဟာ ထူထောင်ရေးစခန်းက ထွက်ခွင့်ရပြီးတဲ့နောက် ပထမဦးဆုံးအကြိမ်အဖြစ် သူငယ်ချင်းများနဲ့ တွေ့ဆုံခဲ့ပါတယ်။
အသက် ၂၆ နှစ်အရွယ် ဒဲမီလိုဗာတိုဟာ နိုဝင်ဘာ ၃ ရက်နေ့က ဘီဘာလေတောင်ကုန်းက စားသောက်ဆိုင်တစ်ခုမှာ သူငယ်ချင်းတွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး ဒဲမီကို ယောကျာ်းလေး သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ဆုံနေတာကိုလည်း မြင်တွေ့ရပါတယ်။
ဒဲမီတို့အတွဲဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ ညနေစာစားသောက်နေပြီး လက်ချင်းချိတ်ထားတာကိုလည်း တွေ့ရပါတယ်။ ဒဲမီနဲ့ အဖွဲ့ကျနေတဲ့ အမျိုးသားမိတ်ဆွေဟာ ဟင်နရီအလက်ဇန်းဒါး လီဗီဆိုသူဖြစ်ပြီး အဝတ်စား ဒီဇိုင်းနာတစ်ယောက် ဖြစ်တယ်လို့ သိရပါတယ်။
ဒဲမီဟာ ပြန်လည်ထူထောင်ရေးစခန်းမှာ ရက်ပေါင်း ၉၀ ကြာ နေထိုင်ခဲ့ရတာလည်းဖြစ်ပါတယ်။ ပြန်လည်ထူထောင်ရေးစခန်းမှာ နေရတာနဲ့ပတ်သက်ပြီး အတွေ့အကြုံတွေကိုတော့ ဒဲမီဟာ လူသိရှင်ကြား ပြောဆိုတာမျိုး မရှိပါဘူး။
အခုအချိန်ဟာ ကျန်းမာရေးအတွက် ပြန်လည်ကုသရမယ့်အချိန်နဲ့ လမ်းကြောင်းမှန်ပေါ် လျှောက်လှမ်းနိုင်ဖို့ ကြိုးစားနေတဲ့အချိန်ပါပဲလို့ ဒဲမီက သူ့ရဲ့ဆိုရှာမီဒီယာမှာ ရေးသားခဲ့ပါတယ်။ ဒီတော့ ဒဲမီနဲ့ ဟင်နရီတို့ ချစ်နေကြပြီလား၊ သူငယ်ချင်းအဆင့်ပဲလား ဆိုတာကိုတော့ ဘယ်သူမှ အတိအကျ မသိရသေးပါဘူး။
ဟောလိဝုဒ်လိုက်ဖ်