ဒစ္စနေးရုပ်ရှင် Frozen 2 ပိုစတာထွက်ရှိ

၁၁ ဇွန်

 


အောင်မြင်ကျော်ကြားခဲ့တဲ့ ဒစ္စနေးအန်နီမေးရှင်း ရုပ်ရှင်ဖြစ်တဲ့ Frozen ဇာတ်ကားရဲ့ နောက်ဆက်တွဲ Frozen 2 ကို ပရိတ်သတ်တွေ စောင့်မျှော်နေခဲ့တာကြာပြီဖြစ်ပြီး အခုအခါမှာတော့ Frozen 2 ရဲ့ပိုစတာ ထွက်ရှိလာခဲ့ပါပြီ။ အဲဒီပိုစတာထဲမှာ အန်နာရောအယ်လ်ဆာပါ ပါဝင်ခဲ့ပြီး ဇာတ်ကားနမူနာကိုတော့ ဇွန်လ ၁၂ ရက် နံနက်ပိုင်းမှာ ပြသမယ်လို့ သိရပါတယ်။ 

 


Frozen 2 ကို ရိုက်ကူးတဲ့ဒါရိုက်တာကတော့ ဂျက်နီဖာလီနဲ့ ခရစ်ဘက် တို့ဖြစ်ပါတယ်။ အသံနဲ့ သရုပ်ဆောင်ကြသူတွေကတော့ အင်ဒီနာ မန်ဇယ်၊ ခရစ်စတန်ဘယ်၊ ဂျွန်နသန်ဂေါ့ဖ် နဲ့ ဂျို့စ်ဂတ် တို့ပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားတစ်ကားလုံးရဲ့ သီချင်းရေးစပ်သူကတော့ အော်စကာဆုရှင် တေးရေးဆရာ ခရစ်စတန် အန်ဒရာဆင်လိုပက်ဇ် နဲ့ ရောဘတ်လိုပက်ဇ် တို့ပဲ ဖြစ်ပါတယ်။ Frozen 2 ဇာတ်ကားဟာ ၂၀၁၉ နိ်ုဝင်ဘာလမှာ ရုံတင်ပြသမယ်လို့ သတ်မှတ်ထားပါတယ်။ ပထမဇာတ်ကားမှာ အောင်မြင်ခဲ့တဲ့အတွက် အခု ဒုတိယကားကိုလည်း ပရိတ်သတ်တွေက အများကြီးမျှော်လင့်ထားတာကြောင့် သူတို့အရမ်းဂရုစိုက်ရတယ်လို့ ဒါရိုက်တာ ဂျနီဖာကပြောပါတယ်။ 

 


ခြူးစန္ဒီနွေး
ဘောလိဝုဒ်လိုက်ဖ် ဒေါ့ကွန်း