နေပြည်တော် ၂၄ နိုဝင်ဘာ
COVID-19 ကာလ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းများ ပြန်လည်လည်ပတ် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြည်သူကို ပညာပေး မျှဝေပေးမည့် “ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်” ကို နိုဝင်ဘာ ၂၅ ရက်မှစ၍ အပတ်စဉ် ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့များတွင် ည ၆ နာရီခွဲမှ ည ၇ နာရီအထိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။
နိုဝင်ဘာ ၂၅ ရက် ဗုဒ္ဓဟူးနေ့ ညတွင် မြန်မာ့စီးပွားရေးလုပ်ငန်းများကို နည်းပညာအသုံးပြုပြီး ဝန်ဆောင်မှုများ မြန်ဆန်လာအောင် ဆောင်ရွက်နိုင်ရန်အတွက် ဗဟုသုတ မျှဝေပေးမည့် ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အစီအစဉ်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးဝေဖြိုးနှင့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာထွန်းသူရသက်တို့၏ ဆွေးနွေးချက်များကို ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း ကြိုတင်အစီရင်ခံတင်ပြအပ်ပါသည်။
MRTV


