နေပြည်တော်၊ ၁၉ ဇန်နဝါရီ

 

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကာလအတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင် လည်ပတ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြည်သူကို အသိပညာမျှဝေပေးမည့် “ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ် ကို နိုဝင်ဘာ ၂၅ ရက်မှ စ၍ အပတ်စဉ် ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့များတွင် ညနေ ၆ နာရီခွဲမှ ည ၇ နာရီအထိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသလျက်ရှိသည်။

 

ဇန်နဝါရီ ၂၀ ရက် ဗုဒ္ဓဟူးနေ့ ညနေတွင် မြန်မာ့စီးပွားရေးလုပ်ငန်းများကို နည်းပညာအသုံးပြုပြီး ဝန်ဆောင်မှုများမြန်ဆန်လာအောင် ဆောင်ရွက်နိုင်ရန်အတွက် ဗဟုသုတမျှဝေပေးမည့် ဒစ်ဂျစ်တယ်စီးပွားရေးအကြောင်း သိကောင်းစရာအစီအစဉ်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးဝေဖြိုးနှင့် မြန်မနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာထွန်းသူရသက်တို့၏ ဆွေးနွေးချက်များကို ညနေ ၆ နာရီခွဲတွင် ထပ်မံထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်