နေပြည်တော် ၊ ၃၀ ဒီဇင်ဘာ

 

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာလအတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်လည်ပတ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြည်သူကို အသိပညာ မျှဝေပေးမည့်ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ် ကို နိုဝင်ဘာ ၂၅ ရက်မှစ၍ အပတ်စဉ်ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့များတွင် ညနေ ၆ နာရီခွဲမှ ည ၇ နာရီအထိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသလျက်ရှိသည်။

 

ဒီဇင်ဘာ ၃၀ ရက် (ဗုဒ္ဓဟူးနေ့) ညနေတွင် စီးပွားရေးလုပ်ငန်း စတင်လုပ်ဆောင်ရာ၌ ရရှိနိုင်မည့် အရင်းအမြစ်၊ စုပေါင်းဆောင်ရွက်ခြင်းစနစ်ကို အသုံးပြုခြင်းအားဖြင့် ပြဿနာများ ကိုင်တွယ်ဖြေရှင်းနိုင်ပုံနှင့် ပတ်သက်ပြီး ဗဟုသုတမျှဝေပေးမည့် ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အစီအစဉ်အား မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာ အောင်သူရနှင့် TharMarDaw.com Founder & CEO ဦးအောင်ကိုကိုသက်တို့က ဆွေးနွေးကြမည်ဖြစ်ရာ ယင်းဆွေးနွေးချက်များကို ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်