နေပြည်တော်၊ ၂၇ ဇန်နဝါရီ
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာလအတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်လည်ပတ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြည်သူကို ပညာပေးမျှဝေပေးမည့် “ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်” ကို နိုဝင်ဘာ ၂၅ ရက်မှစ၍ အပတ်စဉ် ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့များတွင် ညနေ ၆ နာရီခွဲမှ ည ၇ နာရီအထိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။
ဇန်နဝါရီ (၂၈) ရက် ကြာသပတေးနေ့ ညနေတွင် မြန်မာနိုင်ငံ၏ Digital အသွင်ပြောင်းမှု၌ အဓိကအရေးပါသည့် အခန်းကဏ္ဍမှာ ပါဝင်နေသည့် ဒစ်ဂျစ်တယ် ငွေပေးချေမှုစနစ် အသုံးပြုပြီး ဝန်ဆောင်မှုများ မြန်ဆန်လာအောင် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဗဟုသုတမျှဝေပေးမည့် ဒစ်ဂျစ်တယ်စီးပွားရေးအကြောင်း သိကောင်းစရာ အစီအစဉ်ကိုဖန်တီးရာ Startup နည်းပြ ဦးစိုးသီဟနှင့် မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူးချုပ် ဦးဝင်းထက်မောင်မောင်တို့၏ ဆွေးနွေးချက်များကို ညနေ ၆ နာရီခွဲတွင် ထပ်မံထုတ်လွှင့် သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


