၂ အောက်တိုဘာ

 

 

ဒစ်ဂျစ်တယ် ဈေးကွက်အတွက် နည်းဉပဒေ ရေးဆွဲရေးအကြောင်း ဆွေးနွေးရန် ဂျပန်အစိုးရဝန်ကြီးများနှင့် ကျွမ်းကျင်သူများ ပါဝင်သည့် ပထမဆုံးအကြိမ် မျက်နှာစုံညီ အစည်းအဝေးပွဲကို ယခုသီတင်းပတ်အတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းနည်းဉပဒေ ရေးဆွဲခြင်းသည် ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အလက်များကို ကာကွယ်ရန်နှင့် အွန်လိုင်းလုပ်ငန်း ကိစ္စများကို ပွင့်လင်းမြင်သာမှု ရှိစေရန် ရည်ရွယ်၍ ရေးဆွဲခြင်း ဖြစ်သည်။

 

 

ဂျပန်အပါအဝင် ဒစ်ဂျစ်တယ်ဈေးကွက်တွင် တစ်ဉီးတည်း လက်ဝါးကြီးအုပ်မှုကို ဖြစ်ပေါ်စေသည့် အချက်အလက်ပေါင်းများစွာကို သတင်းအချက်အလက်နှင့် နည်းပညာ အဖွဲ့အစည်း အနေနှင့် စုဆောင်းသိမ်းဆည်း ထားသည့်အတွက် ယခုကဲ့သို့ အရွေ့ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

 

 

ယင်းမျက်နှာစုံညီ အစည်းအဝေးပွဲတွင် ဝယ်ယူသူများအပေါ် ကုန်ကျစရိတ်ကို တစ်ဖက်သတ် သတ်မှတ်သည့် စီးပွားရေး လုပ်ငန်းများ အတွက်လည်း နည်းဉပဒေ သတ်မှတ်ပြဋ္ဌာန်းရန် စီစဉ်လျက်ရှိသည်။ ထို့ပြင် ဒစ်ဂျစ်တယ် နည်းပညာ အသုံးပြုနေသူများ၏ ကိုယ်ရေး သတင်းအချက်အလက်များကို အသုံးပြုနေသည့် ကုမ္ပဏီများ ရပ်တန့်စေရန်လည်း နည်းလမ်းများ စဉ်းစားအဖြေရှာကြမည်ဖြစ်ကြောင်း သိရသည်။ 

 

 

အစိုးရတာဝန်ရှိသူများ အနေနှင့် အဆိုပါ အစည်းအဝေး၏ တင်ပြချက်များကို လေ့လာပြီး လာမည့်နှစ် လွှတ်တော်တွင် ယင်းနည်းဉပဒေမူကြမ်းနှင့် ပတ်သက်၍ အဆိုပြုတင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

 

ကိုးကား- အန်အိတ်ချ်ကေ

ဘာသာပြန်- စုရည်