ဒေးဒရဲမြို့ ကျောင်းပြင်ပမူလတန်း ပညာရေးလုပ်ငန်း၌ ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား စာအုပ်များလှူဒါန်း

ဒေးဒရဲ  ၂၅   ဇန်နဝါရီ 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကျောင်းပြင်ပမူလတန်း ပညာရေးလုပ်ငန်း (NFPE) ၌ ပညာသင်ကြားနေသော ကျောင်းသား၊  ကျောင်းသူများအား ဗလာစာအုပ်နှင့် စောင်များ လှူဒါန်းပေးအပ်ခြင်းကို မွန်းတည့် ၁၂ နာရီက အခြေခံပညာမူလတန်း(ရုံးကြီး)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စာလှယ် ဦးသန်းလွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်၊ မြို့နယ်ပညာရေးမှူး ဒေါ်နုနုရီနှင့် မြို့နယ်(NFPE) တာဝန်ခံ ဆရာကြီးဦးသိန်းစိုးဝင်းတို့က အခြေခံပညာမူလတန်း(ရုံးကြီး) ကျောင်းရှိ ကျောင်းပြင်ပမူလတန်း ပညာရေးလုပ်ငန်း (NFPE)၌ ပညာသင်ကြားနေသော ကျောင်းသား၊  ကျောင်းသူများအား ဗလာစာအုပ်နှင့် စောင်များ လှူဒါန်းခဲ့ပြီး ဆရာမများအား ခြင်ထောင်များ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့နောက် ဒေးဒရဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား တစ်ကိုယ်ရည် သန့်ရှင်စေရေး ခြေသည်းလက်သည်းများ ညှပ်ပေးခြင်း၊ ဆံပင်များ ညှပ်ပေးခြင်းများ ပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။ 

မြင့်မြင့်ခိုင်(ပြန်/ဆက်)