ဒေးဒရဲ ၂၉  ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက ဒေးဒရဲမြို့ လွတ်လပ်ရေးကျောက်တိုင်းကွင်း၌ ဖွင့်လှစ်ထားသည့် ယာယီဈေး၌ ဈေးသည်များနှင့် ဈေးဝယ်လာသူများအား နှာခေါင်းစည်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

2230

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး၊ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယာယီဈေး၌ ဈေးရောင်းဈေးဝယ် ကြသူများအား နှာခေါင်းစည်းများတပ်ဆင်ပြီး ရောင်းဝယ်ကြ စေရေး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များအား ပြည်သူများ သိရှိစေရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ပြည်သူများ အနေဖြင့် လိုက်နာဆောင်ရွက်ရမည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများအား အသိပညာပေး ပြောကြားခဲ့ကြကြောင်း သိရသည်။

 

မြင့်မြင့်ခိုင်(ပြန်/ဆက်)