ဒေးဒရဲ   မတ်   ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲများကို တတိယနေ့အဖြစ် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။

ဒေးဒရဲမြို့နယ်တွင် အထက ၁၉ ကျောင်း၊ အထက(ခွဲ) ၂၇ ကျောင်း၊ အလက ၂၃ ကျောင်း၊ အလက(ခွဲ) ကျောင်း ၂၀၊ မူလွန် ၁၆ ကျောင်း၊ အမက ၁၁၃ ကျောင်း၊ အမက(ခွဲ) တစ်ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း နှစ်ကျောင်း စုစုပေါင်း ၂၂၁ ကျောင်းမှ အခြေခံပညာ မူလတန်း ကျောင်းသား ကျောင်းသူ ၁၃၁၅၂ ဦး၊ အခြေခံပညာ အလယ်တန်း ကျောင်းသား ကျောင်းသူ ၅၇၀၂ ဦး၊ အခြေခံပညာ အထက်တန်းကျောင်းသား ကျောင်းသူ ၁၃၁၄ ဦး စုစုပေါင်း ၂၀၁၆၈ ဦး ဖြေဆိုလျက်ရှိရာ ဆရာ ဆရာမများက ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း