ဒေးဒရဲ ၄ မေ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ဒေးဒရဲမြို့ပေါ်ရှိ အခြေခံလူတန်းစားများဖြစ်သည့် အနှေးယာဉ်လုပ်သားများ၏ နေထိုင်စားသောက်ရေး အဆင်ပြေစေရန်ရည်ရွယ်၍ ဒေးဒရဲမြို့ ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် မြို့နယ်အဆင့် ကိုဗစ်−၁၉ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုကော်မတီတို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ၁၀ နာရီက အနှေးယာဉ်လုပ်သားများအား အခြေခံ စားသောက်ကုန်များနှင့် နှာခေါင်းစည်းများ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ လှူဒါန်းမှုတွင် ဒေးဒရဲမြို့ရှိ ဆန်စက်လုပ်ငန်းရှင်များဖြစ်သည့် ဦးတင်ဝင်း(ဝန်းရံခ)၊ ဦးမင်းအောင်(တော်ဝင်)၊ ဦးကျော်ထွန်း(ရွှေလဝင်း)၊ ဦးဝင်းမြင့်အောင်(အမေ့သားဂုဏ်ရောင်)၊ ဦ:ဉာဏ်လင်းအောင်(ရွှေဧရာ)၊ ဦးကျော်ညွန့်(နုရတနာ)နှင့် မြို့နယ်အဆင့် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုကော်မတီတို့ ပူးပေါင်း၍ ဒေးဒရဲမြို့ပေါ်ရှိ အနှေးယာဉ်လုပ်သား (၃၀၀) နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရှိ နေ့စားဝန်ထမ်း (၁၂)ဦးတို့အား တစ်ဦးလျှင် ဆန်(၅)ပြည်၊ ပဲ(၅)လုံး၊ ဆီ(၅၀)သားနှင့် နှာခေါင်းစည်း (၁)ခုစီတို့အား ပေးအပ်လှူဒါန်း သွားမည်ဖြစ်​ကြောင်း မြို့နယ် ကိုဗစ်−၁၉ ရောဂါ အထောက်အကူပြု အဖွဲ့ခေါင်းဆောင်၏ ပြောကြားချက်အရ သိရသည်။

မြင့်မြင့်ခိုင်(ပြန်/ဆက်)