ဒေးဒရဲ မေ ၃

 

ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး လူမှုဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အခြေခံ လက်သမားပန်းရံ သင်တန်းဖွင့်ပွဲအခမ်းအနားကို မေ ၂ ရက် ညနေပိုင်းက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာလှိုင်ဖုန်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်စွာမြင့်က သင်တန်း ဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

 

အဆိုပါသင်တန်းကို ကျေးရွာများမှ သင်တန်းသား (၃၀)ဦးတက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ မေ ၂ ရက်မှ ၃၀ ရက်နေ့အထိ အခြေခံလက်သမား၊ ပန်းရံပညာရပ်များကို စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အေဇာလင်း