ဒေးဒရဲ  ၂၃ မတ်

COVID-19 ရောဂါ ကာကွယ်ရေးနှင့် ကုသရေးဆိုင်ရာ လုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေနှင့် ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၉ နာရီက ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့၊ မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

လှူဒါန်းပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်က COVID-19 ရောဂါ မိမိတို့မြို့နယ်အတွင်း ကူးစက်ခံရမှုမရှိစေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ကြိုတင်ပြင်ဆင်ကာကွယ်၊ ကုသနိုင်ရေးအတွက် ကျန်းမာရေးဌာနက လိုအပ်လျက်ရှိသော COVID-19 ရောဂါ ကာကွယ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းသုံးပစ္စည်းများအား လှူဒါန်ပေးသော အလှူရှင်များအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပြီး အလှူရှင်များကိုယ်စား ဦးမြင့်မောင်က အလှူငွေများ ပေးအပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အလှူရှင် ၁၀ ဦးမှ လှူဒါန်းသော ငွေကျပ် ၁၇၅၀ဝ၀ဝ ၊ PPE ဝတ်စုံ ၂၀ စုံနှင့် အဖျားတိုင်း ပစ္စည်း (၁)ခုတို့အား ပေးအပ်လှူဒါန်းရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်နှင့် မြို့နယ် ကျန်းမားရေး ဦးစီးဌာနမှူး ဒေါက်တာဇော်ဝင်းနိုင်တို့က လက်ခံရယူခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြင့်မြင့်ခိုင်(ပြန်/ဆက်)