ဒေးဒရဲ ၈ ဇန်နဝါရီ 

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်ထောက်ပံ့ခြင်းနှင့် လွတ်လပ်ရေးမောင်မယ် ဆုချီးမြှင့်ခြင်း အခမ်းအနားကို မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းရုံးခန်းမ၌ ယမန်နေ့ ညနေ ၂ နာရီက  ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် ဖျာပုံခရိုင်၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ရီရီဝင်းက အခမ်းအနား ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဒေးဒရဲမြို့နယ်အတွင်း၌ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် မွေးဖွားခဲ့သည့် လွတ်လပ်ရေး မောင်မယ် ကလေးငယ် (၂)ဦးအား မွေးကင်းစကလေး အသုံးအဆောင်ပစ္စည်းများနှင့် ဆုငွေများ ချီးမြှင့်ခဲ့သည်။

 

ဆက်လက်ပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန္ဒာအောင်၊ မြို့နယ်ရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်း ဥက္ကဋ္ဌ ဒေါ်တင်အုန်းနှင့် မြို့နယ်အမျိုးသမီးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒေါ်တင့်တင့်မော် တို့က  မြို့ပေါ် ရပ်ကွက်များရှိ ကိုယ်ဝန်ဆောင် မိခင်ဦးရေ(၂၀)တို့အား အာဟာရနှင့် ချီးမြှင့်ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

မြင့်မြင့်ခိုင်(ပြန်/ဆက်)