ဒေးဒရဲ ၂၃ ဇွန်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ အန္တရာယ်ကင်းရှင်းစေရေးနှင့် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြခြင်းဖြင့် စားသုံးသူများအနေဖြင့် ရိုးရှင်းသော သတင်းအချက်များ ရရှိစေရန် ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံဆိုင်များအား ဇွန် ၂၂ ရက် နံနက် ၁၁ နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ် စစ်ဆေးရေးမှူး ဦးသိန်းမောင်နှင့် တာဝန်ရှိသူများ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်အတွင်းရှိ မုန့်မျိုးစုံနှင့် ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသည့် ကုန်စည်များ၌ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေပါ ညွှန်ကြားချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရေး ပူးပေါင်းအဖွဲ့က အသိပညာပေး ရှင်းလင်းခဲ့ကြကြောင်း သိရသည်။

မြင့်မြင့်ခိုင်