ဒေးဒရဲ မေ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မေ ၁၄ ရက် ညပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များပြိုလဲပျက်စီးခဲ့သည့် မိသားစုများအား ကယ်ဆယ်ရေး ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေနှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ယနေ့ ညနေ ၄ နာရီက အုန်းပင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ပေးအပ်ရာတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် ဗိုလ်မှူးချုပ်ကျော်စိုးလွင်၊ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ ဖျာပုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့သည့် လေးအိမ်တန်းကျေးရွာအုပ်စု၊ စိန်လေးကုန်းကျေးရွာအုပ်စုက အိမ်ထောင်စု(၂)စုအား ကယ်ဆယ်ရေး ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
အေဇာလင်း