ဒေးဒရဲ ၁၃ ဖေဖော်ဝါရီ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ချောင်းဖျားကျေးရွာတွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ကြီးမှူး၍ လိပ်ပြာမျိုးရင်းဝင် ဖျက်ပိုးများကို ကာကွယ်နှိမ်နင်းရန် ထရိုင်ဂိုဂရားမား ဉကပ်ပါး နဂျီလွှတ်ခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၉ နာရီက ချောင်းဖျားကျေးရွာရှိ တောင်သူ ဦးထွန်းမြင့်အောင်၏ လယ်ယာမြေ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်မင်းထွန်းက စပါးနှင့် စားသုံးသီးနှံများတွင် ကျရောက်သော လိပ်ပြာမျိုးရင်းဝင်ဖျက်ပိုးများကို ဇီဝနည်းဖြင့် ကာကွယ်နှိမ်နင်းရန် ထရိုင်ဂိုဂရား မား ဉကပ်ပါးနဂျီအသုံးပြုခြင်းနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများနှင့် အသုံးပြုခြင်း၏ အကျိုးကျေးဇူးများအား အသိပညာပေးရှင်းလင်း ဆွေးနွေးခဲ့ပြီး ဖျာပုံခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်လှိုင်က သရုပ်ပြပွဲ အခမ်းအနားသို့ တက်ရောက် လာသော တောင်သူများ၏ သိရှိလိုသည့်မေးမြန်းချက်များအား ပြန်လည်ဖြေကြားပေးခဲ့ကာ ချောင်းဖျားကျေးရွာရှိ တောင်သူ ဦးထွန်းမြင့်အောင်၏ စပါးပင်များတွင် နဂျီဉကပ်များ ချိတ်ဆွဲခြင်းကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းလွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်နှင့်၊ ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများနှင့် ချောင်းဖျားကျေးရွာ အုပ်စုအတွင်းရှိ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)