ဒေးဒရဲ စက်တင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း မဖြစ်မနေအပြင်ထွက် သွားလာရသူများအား နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာရန် အသိပညာပေးခြင်းနှင့် ပြစ်ဒဏ်ငွေပေးဆောင်ခြင်းများကို ယမန်နေ့နံနက်ပိုင်းက လူစည်ကားရာ လမ်းဆုံ နေရာများတွင် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နှာခေါင်းစည်း (Mask) များ တပ်ဆင်သွားလာကြစေရေး အသိပညာပေးလုပ်ငန်းများအား အများပြည်သူ အကျိုးကိုရှေးရှု၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အထောက် အကူပြုစေရန် နေအိမ်ပြင်ပသို့ သွားလာသူများအားလုံး နှာခေါင်းစည်း(Mask) မဖြစ်မနေတပ်ဆင်သွားလာရန်နှင့် နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်းမပြုပဲ သွားလာသူများအား စီစစ်တွေ့ရှိပါက Mask (၂) ခုလျှင် ငွေကျပ်(၅၀၀) ဒဏ်ကြေးပေးဆောင်စေပြီး ၊ နှာခေါင်းစည်း(Mask)အား စနစ်တကျ တပ်ဆင်စေသည့် နည်းလမ်းများ ၊ စနစ်တကျ တပ်ဆင်ခြင်းမရှိပါက ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ ဆိုးကျိုးများအကြောင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည် ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် ပြစ်ဒဏ်ငွေပေးဆောင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေဇာလင်း(ပြန်ဆက်)