ဒေးဒရဲ  ၁၃   ဇွန် 


ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အတွင်းရှိ ခရီးသည်တင်ရေယာဉ်များနှင့်  မိုးရာသီ၌ ရေကြောင်း ခရီးသွားလာနေရသည့် ဒေသခံပြည်သူများ ရေကြောင်းအန္တရာယ် ကင်းဝေးနိုင်စေရန်နှင့် ပြည်သူများ (life Jacket) အသက်ကယ် အင်္ကျီများအား စနစ်တကျ ဝတ်ဆင်တတ်စေရေး မြို့နယ်မီးသတ်ဦးစီးဌာနက ယမန်နေ့ နံနက်ပိုင်းက ကမ်းနားလမ်းတစ်လျှောက် သင်္ဘောဆိပ်များတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


အဆိုပါ ဆောင်ရွက်မှုတွင်  မြို့နယ်မီးသတ်စခန်း၊ ဦးစီးမှူး ဦးတင်ဌေးနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် ဒေးဒရဲမြို့နယ်အတွင်း ရေကြောင်းခရီး သွားလာနေကြသော ခရီးသည်တင် ရေယာဉ်များတွင် အသက်ကယ်အင်္ကျီများ ပါဝင်မှု ရှိ၊ မရှိ၊ လောင်စာဆီများတင်ဆောင်မှု ရှိ၊ မရှိနှင့် မီးသတ်ဆေးဗူးများ တပ်ဆင်ထားမှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး အသက်ကယ်ပစ္စည်း (Life Jacket) စနစ်တကျ ဝတ်ဆင်နိုင်စေရေး သရုပ်ပြလေ့ကျင့်မှုများ ပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မြင့်မြင့်ခိုင် (ပြန်/ဆက်)