နေပြည်တော် ၂၁ စက်တင်ဘာ
ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် မင်္ဂလာသောင်တန်းကျေးရွာ၌ စက်တင်ဘာ ၂၀ ရက် နံနက် ၁၁ နာရီခွဲက မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၉ လုံး အမိုးလန်၊ ၈ လုံး ပြိုကျပျက်စီးဆုံးရှုံးခဲ့ကြောင်း၊
အလားတူ ဖျာပုံမြို့နယ်၊ ဂေါ်ဒူကျေးရွာပါ ၂ ရွာ၌ မွန်းလွဲ ၁ နာရီက မိုးသက် လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ် ၁ လုံး ပြိုကျ၊ ၁၂ လုံး ယိုင်နဲ့ပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု ၁၂ စု၊ လူဦးရေ ၇၂ ဦးသည် ၎င်းကျေးရွာရှိ အမကဝင်းသို့ ခေတ္တပြောင်းရွှေ့နေထိုင်လျက်ရှိပြီး လူ/ တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား