ဒေးဒရဲ ၂၀ ဇွန်
ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် ဘိုးတုတ်ကျေးရွာအုပ်စုအတွင်း နေထိုင်ကြသည့် ဒေသခံပြည်သူများ သွေးလွန်တုပ်ကွေးရောဂါနှင့် အခြားကူးစက်ရောဂါများ မဖြစ်ပွားစေရေးအတွက် ဘိုးတုတ်ကျေးရွာ ကျေးလက် ကျန်းမာရေးဌာန ဒေါ်စုမြတ်နှင်း(လက်ထောက်ကျန်းမာရေးမှူး)နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းလွင်ဦးတို့ ခေါင်းဆောင်၍ ယမန်နေ့ နံနက်ပိုင်းက အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန် ၊ လဲ၊ စစ် လုပ်ငန်းနှင့် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)