ဒေးဒရဲ   ၁၄    မတ် 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် အနာဂတ်လူငယ်လူရွယ်များ အသိပညာ ဗဟုသုတတိုးပွားလာစေရန်၊ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် အခြေခံကဗျာရေးသားနည်းများအား ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ အလယ်တန်းနှင့် အထက်တန်းအဆင့် အခြေခံကဗျာရေးသားနည်းသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မတ်လ ၁၆ ရက်နေ့မှ စ၍ အခမဲ့ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို မတ်လ ၁၆ရက်နေ့မှ ၂၀ ရက်နေ့အထိ နေ့စဉ် ညနေ ၄ နာရီမှ ၆ နာရီအတွင်း ဦးသန်းထွန်း(မြန်မာစာ)က အခမဲ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်း တက်ရောက်လိုသူများအနေဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ လာရောက်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

မြင့်မြင့်ခိုင်(ပြန်/ဆက်)