ဒေးဒရဲ ဇူလိုင် ၁၄

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ ယနေ့ နံနက်ပိုင်းက ပြည်သူများ ငါး၊ ပုစွန်များ စျေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ငါးမြစ်ချင်းများကို ပြင်ပပေါက်စျေးထက် သက်သာသောနှုန်းထားဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ရောင်းချပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသိန်းဟန်နှင့် ဝန်ထမ်းများက ငါးမြစ်ချင်း အချိန် (၃)ပိဿာအား  တစ်ပိဿာလျှင် (၄၀၀၀)ကျပ်နှုန်းဖြင့် ပြင်ပပေါက်စျေးထက် သက်သာသောနှုန်းများဖြင့် ရောင်းချပေးခဲ့ ကြောင်း သိရသည်။

အေဇာလင်း