ဒေးဒရဲ ၉ ဧပြီ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး ရှေ့တွင် နံရံကပ်ဘုတ်များ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး စာစောင်များနှင့် အနုပညာရှင်များ၏ အသိပညာပေး နှိုးဆော်ချက်များကို ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ယမန်နေ့ နံနက် ၉ နာရီက ပြသခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဘုတ်များ၌ ပြည်သူများ ပိုမိုစိတ်ဝင်စား စေရေး ပြည်သူချစ် အနုပညာရှင်များ၏ ကျန်းမာရေးအသိပညာပေး နှိုးဆော်မှုများဖြစ်သော သင့်ကိုသင်၊ သင့်မိသားစု၊ သင့်ပတ်ဝန်းကျင်၊ သင့်မြို့ရွာ၊ သင့်တိုင်းပြည်ကို ကာကွယ်ဖို့အတွက် “အပြင်မထွက်ပါနဲ့၊ အိမ်မှာပဲနေပါ” စာတမ်းများ ကိုင်ဆောင်ထားသည့် အနုပညာရှင်များ၏ အသိပညာပေး နှိုးဆော်ချက် များနှင့် “ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ဖို့ လက်ဆေးကြပါစို့”၊ “အပြင်မှ နေအိမ်သို့ ပြန်ရောက်လျှင် လိုက်နာဆောင်ရွက်ရမည့် အချက်များ” စသည့် အသိပညာပေး နှိုးဆော်ချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး မြေစိုက်ဘုတ်များတွင် အသိပညာပေး ပြသထားကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)


