ဒေးဒရဲ နိုဝင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးက နိုဝင်ဘာ ၁၂ ရက်တွင် ဒေးဒရဲမြို့နယ်၊ သံဒိသဲကုန်းလေးကျေးရွာ အုပ်စုတွင် နိုင်ငံသား စိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ လက်ထောက်လဝကမှူး ဦးချမ်းမြေ့ဇော် ဦးဆောင်သောအဖွဲ့က သံဒိသဲကုန်းလေးကျေးရွာအုပ်စုရှိ အသက် ၁၀ နှစ်ပြည့်ပြီး နိုင်ငံသား စိစစ်ရေးကတ်မရှိသူ ငါးဦး၊ အသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသား စိစစ်ရေးကတ်မရှိသူ ၃၆ ဦး၊ အသက် ၁၀ နှစ်မှ အသက် ၁၈ နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ် လဲလှယ်သူ ၂၃ ဦး၊ နိုင်ငံသား စိစစ်ရေးကတ် ပျောက်/ပျက် မိတ္တူ ၁၃ ဦးတို့အား နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
အေဇာလင်း(ပြန်/ဆက်)


