ဒေးဒရဲ အောက်တိုဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပညာရေးဌာနက ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်ပညာရေးမှူး ဒေါ်အေးမြင့်က မိမိတို့အနေဖြင့်  အခြေခံပညာဦးစီးဌာန (ရုံးချုပ်)မှ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲမှ ပညာရပ်များကို မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများက ကျောင်းအုပ်ကြီးများကို ပြန်လည်ပို့ချဆွေးနွေးသွားမည် ဖြစ်ပြီး မြိုပေါ်၊ ကျေးရွာများရှိ စာသင်ကျောင်းများ ဖွံ့ဖြိုးတိုးတက်မှုသည် အဆိုပါ ကျောင်းအုပ်ကြီး များ၏ စီမံခန့်ခွဲမှုများက အဓိကကျသည့်အတွက် အလုပ်တာဝန်များနှင့် စည်ကမ်းများကို တန်ဖိုးထားလိုက်နာကာ ဆရာကျင့်ဝတ်များနှင့်အညီ အနာဂတ်လမ်းပြသူများဖြစ်အောင် ကြိုးစား ကြရန် ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းများက ကျောင်အုပ်ဆရာ၊ ဆရာမ(၂၂၁)ဦး တက်ရောက်လျက်ရှိပြီး ဆွေးနွေးပွဲကာလ (၂)ရက် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း