ရန်ကုန် မတ် ၂၃
ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် ထိုင်ကူမြစ်တန်းကျေးရွာ တွင် အသက် ၈၀ နှင့်အထက် အဘိုးအဘွား ၂၀၀ ကျော်တို့အား ပူဇော်ကန်တော့ပွဲကို မတ် ၂၂ ရက် နံနက်ပိုင်းက ကျောင်းသစ်ကျောင်းတိုက်၌ ကျင်းပသည်။
ဦးစွာ ဧရာရွှေမြေဆရာတော် ဒေါက်တာ ဘဒ္ဒန္တဥတ္တမသီရိထံမှ ငါးပါးသီလနှင့် အနုမောဒနာတရား နာယူဆောက်တည်ကြသည်။ ဆက်လက်၍ ရန်ကုန်မြို့ ဗဟန်းမြို့နယ် လိပ်ပြာကန်ကျောင်းတိုက် နန္ဒာအောင်မြေကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တ နိမလက ဩဝါဒကထာချီးမြှင့်သည်။ အခမ်းအနားတွင် ဖျာပုံခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးက သာသနာရေးဆိုင်ရာများကို လျှောက်ထားပြီး ဒေးဒရဲ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြသိန်းမောင်က ဝမ်းမြောက်စကား ပြောကြားသည်။
ထို့နောက် ပင့်ဖိတ်ထားသော သံဃာတော်အရှင်သူမြတ်တို့အား နဝကမ္မနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ဆက်လက်၍ ဒေးဒရဲမြို့နယ်ရှိ ကျေးရွာများမှ အသက် ၈၀ နှင့်အထက် သက်ကြီး ဘိုးဘွား ၂၀၀ ကျော်တို့အား ဆေးဝါးပစ္စည်း၊ စားသောက်ဖွယ်ရာနှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။
ဗလ


