ဒေးဒရဲ ၁၀ မတ်

စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ ရာသီဉတုပြောင်းလဲမှု ဗဟိုဌာနတို့ ပူးပေါင်း၍ သစ်တောပြုန်းတီးမှုကာကွယ်ရေး၊ ထင်းသုံးစွဲမှုလျှော့ချရေး၊ ကာဗွန်ထုတ်လုပ်လျှော့ချရေး ရည်ရွယ်၍ စွမ်းအားမြှင့်မီးဖိုများကို ယမန်နေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ဆင်ကူးကျေးရွာအုပ်စု၊ ဆင်ကူးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ အခမဲ့ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ စွမ်းအားမြှင့်မိးဖိုများ ဖြန့်ဖြူးရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်ညို၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် ဝန်ထမ်းများက ဆင်းကူးကျေးရွာအုပ်စုအတွင်းရှိ ကျေးလက်နေပြည်သူများအား စွမ်းအားမြှင့်မီးဖို ၃၉၁ လုံးကို ပြည်သူများလက်ဝယ်အရောက် အခမဲ့ဖြန့်ဖြူးပေးအပ်ခဲ့ကြောင်းသိ ရသည်။

မြင့်မြင့်ခိုင်(ပြန်/ဆက်)