ဒေးဒရဲ ၃၁ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီဌာနက ခရိုင်ဦးစီးမှူး ဦးနိုင်မော်ထွန်းနှင့် ဝန်ထမ်းများက မိုးကြိုးဘေး ထောက်ပံ့ငွေများကို ဒေးဒရဲမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းအတွင်း ယမန်နေ့ နံနက် ၁၁ နာရီက ပေးအပ်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်၊ တိုးကျေးရွာအုပ်စု၊ ဆားကျင်းကျေးရွာတွင် ဇူလိုင် ၂၇ ရက်နေ့ ညနေပိုင်းက ပင်လယ်ထဲသို့ ငါးဖမ်းထွက်စဉ် မိုးကြိုးပစ်ခံရ၍ သေဆုံးခဲ့သူ မောင်ကျော်ဇော(၂၀)နှစ်အား ထောက်ပံ့ငွေ(၃၀၀၀၀ဝ)ကျပ်နှင့် မိုးကြိုးပစ်ခံရမှုကြောင့် နားနှစ်ဖက် အကြားအာရုံချို့တဲ့ ဒဏ်ရာရရှိခဲ့သည့် ဦးချစ်လှိုင်(၃၅)နှစ်အတွက် ထောက်ပံ့ငွေ (၅၀၀၀ဝ) ကျပ်တို့အား မိသားစုများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)