ဒေးဒရဲ ၂  ဧပြီ 


ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂ဝ၁၉ ခုနှစ် ပါဠိပထမပြန် စာမေးပွဲ (ကြီး၊လတ်ငယ်မူ)တန်းများ ဖြေဆိုခြင်းကို ယနေ့ မွန်းတည့် ၁၂ နာရီမှ ညနေ ၃ နာရီအထိ အမှတ်(၂)ရပ်ကွက်ရှိ မင်္ဂလာကံကျောင်းတိုက် စာဖြေဌာန၌ ကျင်းပခဲ့သည်။
ပါဠိပထမပြန်စာမေးပွဲ ပထမနေ့အဖြစ်  စာဖြေသံဃာနှင့် သီလရှင်များ စာရင်းရှိ  (၇၇)ပါး  ပျက်ကွက်မရှိ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း  စာမေးပွဲကြီးကြပ် ဆရာတော်များထံမှ သိရသည်။


ပါဠိပထမပြန်စာမေးပွဲ ကျင်းပနေစဉ် သြဝါဒစရိယဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌနှင့် အကျိုးတော်ဆောင် ဆရာတော်များ၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


မြင့်မြင့်ခိုင်(ပြန်/ဆက်)