ဒေးဒရဲ  ၂၀ ဇန်နဝါရီ

 

စားသုံးသူ အကာအကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲကို ဇန်နဝါရီ ၁၉ ရက်က ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် လမုတမံကျေးရွာအုပ်စု ရွာသာအေးကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် ပြုလုပ်ခဲ့သည်။

 

ဟောပြောပွဲတွင် မြို့နယ်စာသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်က စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေများ၊ နိုင်ငံတော်မှ ထုတ်ပြန်ကြေညာထားသည့် စားသုံးရန်မသင့်သော အစားအစာများအကြောင်း၊ စံချိန်စံညွှန်း အရည်အသွေး ပြည့်မီထုတ်လုပ်သော ကုန်းပစ္စည်းများတွင် ပါဝင်ရမည့် အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် အသိပညာပေး နံရံကပ်စာစောင်များ ပြသထားရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာခဲ့ကြကြောင်း သိရသည်။

 

မြင့်မြင့်ခင်(ပြန်/ဆက်)

 

mdn