ဒေးဒရဲ ၁၇ အောက်တိုဘာ
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီက ကာကွယ်ဆေးထိုးလုပ်ငန်းသုံး ဆက်စပ်ပစ္စည်း ထောက်ပံ့မှု အချက်အလက်များ အသုံးပြုမှု သင်တန်းအား စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်ဝင်းနိုင်က ဝက်သက်ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း အဏုစိတ်စီမံချက်ရေးဆွဲခြင်းဆိုင်ရာ အကြောင်းအရာများကို လည်းကောင်း၊ ဦးမျိုးမင်းကို(ကူးစက်ကျန်းမာရေးမှူး)က ကာကွယ်ဆေးထိုးလုပ်ငန်းသုံး ဆက်စပ်ပစ္စည်းများနှင့် ဆေးဝါးများ ထိန်းသိမ်းထားသိုမှုဆိုင်ရာ လုပ်ငန်းများအားလည်းကောင်း၊ ဒေါ်မိုးမိုးလှိုင် (မြို့နယ်သူနာပြုအဆင့်-၁)က ဝက်သက်ဂျိုက်သိုး ကာကွယ်ဆေးထိုးနည်းဆိုင်ရာ သိကောင်းစရာ များအားလည်းကောင်း သင်ကြားပို့ချ ခဲ့ကြကြောင်း သိရသည်။
အဆိုပါ သင်တန်းအား အောက်တိုဘာလ ၁၆ရက်နေ့မှ ၁၈ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျန်းမာရေးဌာနရှိ ဆရာ၊ ဆရာမများ (၁၃၂)ဦး တက်ရောက်လျက် ရှိကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)


