ဒေးဒရဲ ၁၇  မေ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ရည်မှန်းကလေးငယ်များအားလုံး တစ်ယောက်မကျန် မရရှိခဲ့သေးသော ကာကွယ်ဆေးများ အပြည့်အဝရရှိစေရန် ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်များကို မေလ ၁၈ ရက်နေ့မှစ၍ ပြန်လည်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်အစီအစဉ်များကို ကိုဗစ်−၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် ဧပြီလ (၁)ရက်နေ့မှစတင်၍ ယာယီရပ်ဆိုင်းထားခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လူစုလူဝေး မဖြစ်ပေါ်စေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးအတွက် မေလ ၁၈ရက်နေ့မှ စတင်၍ ဒေးဒရဲမြို့ ပြည်သူ့ ဆေးရုံကြီး၌ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးမည်ဖြစ်ပြီး ဒေးဒရဲမြို့နယ်အတွင်းရှိ  ရပ်ကွက်နှင့် ကျေးရွာများရှိ သက်ဆိုင်ရာ ကျန်းမာရေးဌာနများတွင် ဇွန်လ ၁ရက်နေ့မှ စတင်ထိုးနှံပေးသွား မည်ဖြစ်ရာ စာရင်းများကြိုတင်ပေးသွင်း၍ ကာကွယ်ဆေးများ လာရောက်ထိုးနှံနိုင်ပါကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  သိရသည်။

 

မြင့်မြင့်ခိုင်(ပြန်/ဆက်)