ဒေးဒရဲ  ၅  မတ်

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ သင်ပေါင်းချောင်ကျေးရွာတွင် လိပ်ပြာမျိုးရင်းဝင် ဖျက်ပိုးများကို ကာကွယ်နှိမ်နင်းရန် ထရိုင်ဂိုဂရားမား ဥကပ်ပါးနဂျီ လွှတ်ခြင်းကို  ယမန်နေ့ နံနက် ၁၀ နာရီက သင်ပေါင်းချောင်ကျေးရွာရှိ တောင်သူ ဦးရွှေမြင့်၏ လယ်ယာမြေ၌ ကျင်းပခဲ့သည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်မင်းထွန်းက စပါးနှင့် စားသုံးသီးနှံများတွင် ကျရောက်သော လိပ်ပြာမျိုးရင်းဝင် ဖျက်ပိုးများကို ဇီဝနည်းဖြင့် ကာကွယ်နှိမ်နင်းရန် ထရိုင်ဂိုဂရားမား ဥကပ်ပါးနဂျီအသုံးပြုခြင်းနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများနှင့် အသုံးပြုခြင်း၏ အကျိုးကျေးဇူးများကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး သင်ပေါင်းချောင် ကျေးရွာ၊ တောပုန်းကြီးကွင်းမှ တောင်သူ ဦးရွှေမြင့်၏ စပါးပင်များနှင့် ကောက်ညှင်းစိုက်ခင်းများအတွင်း နဂျီဥကပ်များ ချိတ်ဆွဲခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

553

 

အဆိုပါ အခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ လွှတ်တော်ကိုယ်စားလှယ်ရုံးမှ တာဝန်ရှိသူများနှင့် သင်ပေါင်းချောင်ကျေးရွာအုပ်စု အတွင်းရှိ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

မြင့်မြင့်ခိုင်(ပြန်/ဆက်)