ဇီးကုန်း ၄ စက်တင်ဘာ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် ဖြစ်ပေါ်လျှက်ရှိသော ရေကြီးရေလျှံမှုကြောင့် ယာယီပြောင်းရွှေ့နေထိုင်ကြသော အိမ်ထောင်စုဝင်များသို့ Korea Germent Association မှ လှူဒါန်းသော ထောက်ပံ့ရေး ပစ္စည်းများကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများသည် ယနေ့နံနက်က ဇီးကုန်းမြို့ အမှတ်(၄) ရပ်ကွက်ရှိ သဘာဝဘေး ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိရာ( မြို့နယ်ခန်းမ)သို့ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါလာရောက်လှူဒါန်းသော ဆန်၊ ဆီ၊ သောက်ရေသန့်၊ မားမားခေါက်ဆွဲ၊ မွေ့ယာ၊ အကျီ၊ စသည့်ပစ္စည်းများပါဝင်သော စက္ကူပါကင်ပုံး(၂၅၀)အား မြို့နယ်ခန်းမ (ယာယီ ကယ်ဆယ်ရေးစခန်း)၊ အမှတ်(၃)ရပ်ကွက်ရှိ ရတနာဇေယျုံကျောင်း၊ အမှတ်(၁)ရပ်ကွက်ရှိ သုံးထပ်ကျောင်းတို့တွင် ယာယီခိုလှုံ့နေကြသော အိမ်ထောင်စုများနှင့် တယ်ပင်ကန်ကျေးရွာရှိ ရေဘေးသင့် ပြည်သူများထံသို့ သက်ဆိုင်ရာ တာဝန်ရှိသူများက ဆက်လက်လှူဒါန်း လျှက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်


