မန္တလေး ၄ ဩဂုတ်
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း မိုဘိုင်းယာဉ်ဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်ရှိ ရန်အောင်ဈေးတွင် ဖြန့်ဝေပေးခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း မိုဘိုင်းယာဉ်ဖြင့် ရန်အောင်ဈေးသို့သွားရောက်ကာ သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များအား ဈေးသူ/ဈေးသားများနှင့် ဈေးသို့လာရောက် ဝယ်ယူသူ ပြည်သူများအား ဖြန့်ဝေးပေးခဲ့ကြသည်။
“ ဒီနေ့က ရန်အောင်ဈေးမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးတာပါ၊ အရင်ရက်တွေကလည်း တခြားဈေးတွေ၊ လူစည်ကားတဲ့နေရာတွေမှာ ဖြန့်ဝေ ပေးခဲ့ပါတယ်၊ မန္တလေးခရိုင်အတွင်းမှာရှိတဲ့မြို့နယ်အားလုံးကို မိုဘိုင်းယာဉ်ဖြင့်သွားရောက်ကာ ဖြန့်ဝေ ပေးနေပါတယ်၊ နောက်ရက် တွေမှာလည်း အခြားနေရာတွေကို ဆက်လက်ဖြန့်ဝေပေးသွားအုံးမှာပါ”ဟု မန္တလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်း က ပြောကြားသည်။
သန်းဇော်မင်း(ပြန်/ဆက်)