မော်လမြိုင် ၁၀ ဇွန်      

 

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်(၉)နာရီက ဖက်ခင်းလမ်းဆုံ၊ မြိုင်သာယာရပ်ကွက်၊ ကျွဲခြံကုန်းရပ်ကွက်သို့ သွားရောက်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရပ်ကွက်နေပြည်သူများအား ကိုဗစ်−၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူတစ်ဦးချင်းစီမှ လိုက်နာဆောင်ရွက် ရမည့်အချက်များ ကျန်းမာရေးနှင့်အားကစာဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီနေထိုင်ရေး၊ နှာခေါင်းစည်း(Mask)များတပ်ဆင်သည့် အလေ့အကျင့်များရှိစေရေး အသိပညာပေးနှိုးဆော်ခြင်း၊ သဘာဝဘေးအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ လက်သန့်ဆေးရည်များ အသုံးပြုပေးခြင်းစသည့် ရောဂါကာကွယ်ရေးလုပ်ငန်းများကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)