ရန်ကုန် ၄  အောက်တိုဘာ                  

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိ စေရန်နှင့် လိုအပ်သည်များတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက အင်းစိန်မြို့နယ်အတွင်းရှိ Quarantine Centerများတွင် အသုံးပြုနိုင်စေရန် ငွေကျပ်(၇)သိန်းကျော် တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အင်းစိန်(GTI) ကန့်သတ်စောင့်ကြည့်စင်တာတွင် လှူဒါန်းခဲ့သည်။

           

လှူဒါန်းရာတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ကုသရေးလုပ်ငန်းစဉ်များတွင် လိုအပ်သည့် နေရာများ သုံးစွဲနိုင်ရန်အတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ Assistant Operation Manager မောင်အောင်ခန့်နှင့်တာဝန်ရှိသူများက (မြက်ဖျာ၊ခေါင်းအုံး+ခေါင်းအုံးစွပ်၊ စောင်၊ ခြင်ထောင်၊ ဂွမ်းကပ်) (၅၀)စုံ၊ (သွားတိုက်ဆေး+သွားပွတ်တံ၊ ဆပ်ပြာတုံး-၃မျိုးတွဲ) (၅၀)စုံ၊ (ရေချိုးခွက်၊ သောက်ရေခွက်၊ ဆပ်ပြာ ခွက်) (၅၀)စုံ၊ Surgical Gown(၃၀)ထည်၊ Face Shield(၂၀၀)ခု၊ Surgical Mask(၁၀၀၀)ခု၊ လက်အိတ် (၁၀၀ခုပါ)(၃)ဘူး၊ ရေမလိုလက်သန့် ဆေးရည်(၅၀၀မီလီ)(၅)ဘူး ၊ အရက်ပျံ(၅၀၀မီလီ) (၅)ဘူး တို့ကို လာရောက်လှူဒါန်းရာ အင်းစိန်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးကော်မတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၊ မြို့နယ်အုပ်ချုပ်ရေးမှူးမှူး ဦးဝင်းအောင်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။

           

အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)