ရန်ကုန် ၂၁ ဧပြီ
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အထောက်အကူပြုပစ္စည်းများ လှူဒါန်းခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က လှူဒါန်းခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အင်းစိန်မြို့နယ်၊ အင်းစိန် GTI Quarantine Center အတွက် လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အထောက်အကူပြု ပစ္စည်းများဖြစ်သော Mask (၁၀၀၀)ခု၊ လက်အိတ် ၁ ဘူး (၁၀၀ ခုပါ)၊ ရေမလို သက်သန့်ဆေးရည် (၂၀) လီတာ ၂ ပုံး၊ လက်ဆေးဆပ်ပြာရည်(၂၀၀မီလီ) ၅ ဘူး၊ အရက်ပျံ(၁၀၀ မီလီ) ၆၀ ဘူး၊ ဆန်အိတ်(၂၄ ပြည်ဝင်) ၁၀ အိတ် စုစုပေါင်း တန်ဖိုးငွေ (၇၈၂၀၂၆) ကျပ်၊ အင်းစိန်မြို့နယ်ရှိ Fever Clinic အတွက် လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အထောက်အကူပြု ပစ္စည်းများဖြစ်သော PPE Sets ဝတ်စုံပြည့် (၂၀)စုံ၊ Mask (၅၀၀)ခု၊ လက်အိတ် ၂ ဘူး (၁၀၀ ခုပါ)၊ ရေမလို လက်သန့်ဆေးရည် (၅၀၀ မီလီ) ၅ ဘူး၊ ရေမလို လက်သန့်ဆေးရည်(၂၀ လီတာ) ၂ ပုံး၊ လက်ဆေးဆပ်ပြာရည် (၂၀၀ မီလီ) ၅ ဘူး၊ အရက်ပျံ (၁၀၀ မီလီ) ၃၀ ဘူး၊ အပူချိန်တိုင်းကိရိယာ ၂ ခု စုစုပေါင်း တန်ဖိုးငွေ (၁၀၂၁၀၂၆) ကျပ်၊ အင်းစိန်မြို့နယ်၊ အထွေထွေရောဂါကုဆေးရုံအတွက် လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အထောက်အကူပြု ပစ္စည်းများဖြစ်သော PPE Sets ဝတ်စုံပြည့် (၅၀)စုံ၊ Mask (၅၀၀) ခု၊ ရေမလို လက်သန့်ဆေးရည် (၅၀၀ မီလီ) ၅ ဘူး၊ ရေမလို လက်သန့်ဆေးရည် (၂၀ လီတာ) ၂ ပုံး၊ အရက်ပျံ (၁၀၀ မီလီ) ၆၀ ဘူး စုစုပေါင်း တန်ဖိုး ငွေ (၁၇၉၁၈၂၆) ကျပ်တို့ကို လှူဒါန်းခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ် Coronavirus Disease 2019 (COVID-19)ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ ရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)