ဝေါ၊ ၁၇ ဒီဇင်ဘာ
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ် ပြည်သူ့ဆေးရုံသို့ ဒီဇင်ဘာ ၁၆ နံနက်ပိုင်းက ကျန်းမာရေးသုံးပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ဝေါမြို့နယ်ရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် PAPR With wtite hood4 sets၊ Filters 16 pcs၊ sweat band 16 pcs၊ PAPR With hood ၁ စုံ၊ Filter ၄ ခု၊ Pre Filter 10 ခု Sweat Band ၄ ခု၊ Hood 1 pcs၊ Filter 10 pcs၊ Pre filter 30 units ကျန်းမာရေးသုံးပစ္စည်း စုစုပေါင်းတန်ဖိုး ကျပ် ၃၂၀၀၀၀၀ ဖိုးအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ရီရီထိုက်တို့မှ ကိုယ်စားပေးအပ်လှူဒါန်းရာ ဝေါမြို့နယ် ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်၊ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေဇော်အောင်နှင့် ကော်မတီဝင်များ၊ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကျော်မိုးနိုင်တို့က လက်ခံရယူခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)