ပွင့်ဖြူ ၂၉ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ အားလပ်ချိန်များတွင် စာပေအသိပညာ တိုးပွားစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီခွဲက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ သုတရသစာအုပ်များ လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
သုတရသ စာအုပ်မျိုးစုံ ၂၆၅ အုပ်၊ တန်ဖိုးငွေကျပ် ၅၄၈၃၀ဝ ရှိကြောင်း သိရကာ ယနေ့နံနက် ၉ နာရီခွဲက ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအဖွဲ့ကိုယ်စား ပွင့်ဖြူမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း က ကျောင်းတော်ရာ ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းမြင့် ထံ လွှဲပြောင်း လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် KG တန်းမှ ဒသမတန်းအထိ ကျောင်းသားကျောင်းသူ ၁၃၆၆ ဦး ရှိကြောင်းသိရကာ ယခုအခါ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကျောင်းသားကျောင်းသူများအတွက် ရည်ရွယ်ကာ သုတရသ စာအုပ်စာစောင်များကို လှူဒါန်းပေးခြင်းကြောင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများအနေဖြင့် သုတရသ စာအုပ်မျိုးစုံအား ဖတ်ရှုလေ့လာခွင့်ရှိမည်ဖြစ်ကြောင်း အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းမြင့်က ပြောပြသည်။
ရဲဝင်းနိုင် (ညောင်ဦး)