ကျိုက်လတ် ၇ ဒီဇင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမတွင် ယနေ့ နံနက် ၁၁ နာရီက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီသို့ ဆေးရုံ အထောက်အကူပြုပစ္စည်းများ လှူဒါန်းခဲ့သည်။

 

အခမ်းအနားတွင် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဆေးရုံအထောက်အကူပြု ပစ္စည်းများနှင့် Quarantine Centre များတွင် အသုံးပြုသည့်ပစ္စည်းများ ပေးအပ်လှူဒါန်းရခြင်း ရည်ရွယ်ချက်ကို ပြောကြားသည်။

 

ထို့နောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းသိန်းက ယခုကဲ့သို့ ဆေးရုံအထောက်အကူပြုပစ္စည်းများ လှူဒါန်းသည့်အတွက် ကျိုက်လတ်မြို့နယ်ရှိ မိဘပြည်သူများအတွက် အမှန်တကယ်လိုအပ်နေသည့် ပစ္စည်းများ ဖြစ်သောကြောင့် များစွာအကျိုးရှိကြောင်းနှင့် ကျေးဇူးတင်ရှိပါကြောင်း ပြန်လည်ပြောကြားခဲ့သည်။

 

ဆက်လက်၍ တာဝန်ရှိသူများက တန်ဖိုးငွေကျပ် (၁၇)သိန်းကျော်ခန့်ရှိ ဆေးရုံအထောက်အကူပြု ပစ္စည်းများနှင့် Quarantine Centre များတွင် အသုံးပြုသည့်ပစ္စည်းများကို ပေးအပ်လှူဒါန်းရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် ဒေါက်တာမင်းသိန်းတို့က လက်ခံရယူခဲ့ကြပြီး  မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ရီရီမြင့်(ပြန်/ဆက်)