လိပ်သို ၈ ဒီဇင်ဘာ
ကရင်ပြည်နယ်၊ လိပ်သိုမြို့ ထီးသာစောအောက်ရွာ၊ ကက်သလစ်ဘုန်းတော်ကြီးကျောင်းဝင်း၌ ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ကြွက်ဘေးဒဏ်ကျရောက်ခဲ့ပြီး ဒေသခံကျေးရွာသားများ၏ သီးနှံများ ပျက်စီးခဲ့ရမှုကြောင့် လတ်တလော စားဝတ်နေရေး အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ ကိုယ်စား လိပ်သိုမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်ထူးနှင့် အဖွဲ့ဝင်များ၊ ပရဟိတ အကျိုးဆောင် ဦးဇော်မင်းထွန်းတို့ ပူးပေါင်း၍ တစ်အိမ်ထောင်လျှင် ဆန် (၁၂)ပြည်နှုန်းနှင့် အဝတ်အထည်များအား ကျေးရွာပေါင်း (၂၀)ရွာမှ ကျေးရွာသူ ကျေးရွာသားများအား လှူဒါန်းပေးအပ်ခဲ့သည်။
အလားတူ လှူဒါန်းမှုများအား ဒီဇင်ဘာ ၁ ရက်မှစတင်၍ ကျေးရွာများသို့ တစ်ရွာဝင် တစ်ရွာထွက် နေ့စဉ်သွားရောက်လှူဒါန်းပေးခဲ့ရာ ကျေးရွာအုပ်စု (၉)အုပ်စုမှ ကျေးရွာပေါင်း (၅၆)ရွာရှိ အိမ်ထောင်စုပေါင်း (၂၁၄၆)စုအား ပေးအပ်လှူဒါန်းပေးနိုင်ခဲ့ပြီး ဘော်ဒါဆောင်များ၊ သီလရှင်ကျောင်းများနှင့် ကျန်ရှိသော ကျေးရွာများအား ဆက်လက်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စောဝေါ်ကွောထူး (ပြန်/ဆက်)


