ရန်ကုန် ၂၀ ဧပြီ
တောင်ဥက္ကလာပမြို့နယ် အမျိုးသမီးနှင့် ကလေးဆေးရုံကြီး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများ အသုံးပြုနိုင်ရန် ဆေးဘက်ဆိုင်ရာ အထောက်အကူပြု ပစ္စည်းများကို ယနေ့ မွန်းတည့် ၁၂ နာရီက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ လာရောက်လှူဒါန်းခဲ့ရာ ဆေးရုံတာဝန်ခံများ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီမှ နာယကများနှင့် အဖွဲ့ဝင်များမှ လက်ခံရယူခဲ့သည်။
အဆိုပါ လှူဒါန်းရရှိသော ဆေးဘက်ဆိုင်ရာ အထောက်အကူပြု ပစ္စည်းများတွင် PPE ဝတ်စုံပြည့် (၁၀၀)စုံ၊ Mask (၁၀၀၀) ခု၊ ရေမလို လက်သန့်ဆေးရည် ၅၀၀ မီလီ (၅)ဗူး၊ ရေမလို လက်သန့်ဆေးရည် ၂၀ လီတာ (၂) ပုံး၊ အရက်ပျံ ၁၀၀ မီလီ (၆၀) ဗူးပါဝင်ပြီး ငွေကျပ် ၁၉၆၄၆၂၆ တန်ဖိုးရှိကြောင်း သိရသည်။
နေထက်အောင်
