ဝေါ၊  ၁၃  ဒီဇင်ဘာ

 

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ် ပြည်သူ့ဆေးရုံနှင့် ကိုဗစ်-၁၉ ကော်မတီသို့ ယနေ့ နံနက် ၁၀ နာရီက ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ ကျန်းမာရေးသုံးပစ္စည်းများ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထိုသို့လှူဒါန်းရာတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဝေါမြို့နယ် ပြည်သူ့ဆေးရုံအတွက်  PPE (၁၀၀) ထည်၊ Surgical Cown (၁၅၀)ထည်၊ N 95 Mask (1860s) ၄၀ ခု၊ KN95 Mask (3M) (၂၀)ခု ၊ Face Shield (၃၀၀)ခု၊ လက်အိတ် (၁ဝဝ ခုပါ) ၅ဘူး၊ ခွဲစိတ်ခန်းသုံး လက်အိတ် (6.5 ၂၅ စုံ ၊ 7 ၂၅ စုံ ) ၅၀ ခု၊ Plastic Apron (၁ဝဝ ခုပါ) ၅ ထုပ်၊ Boot Cover (၁ ထုပ် ၂၅ စုံ) ၂၀ ထုပ်၊ Oxygen Concentrator 10 Liter Single Outlet Jay 10 –China (၂)လုံး၊ Oxygen Mask 7 Ft Oxygen ၁ ခု၊ Nasal Cannulae ၁ ခု စုစုပေါင်းငွေကျပ် ၆၄၉၃၅ဝဝ ဖိုးအား လှူဒါန်းခဲ့သည်။

 

ထို့ပြင် ဝေါမြို့နယ် ကိုဗစ်-၁၉ ကော်မတီအတွက်  Surgical Gown (၁၅၀)ထည်၊ SurgicalMask (၂၀၀၀) ခု၊ Surgical Mask (၂၀၀၀) ခု၊ KN 95 Mask- China (၇၀) ခု၊ Face Shield (၃၀၀) ခု၊ Plastic Apron (၁ဝဝ ခုပါ) ၅ထုပ်၊ ခေါင်းစွပ် (၁ဝဝ ခုပါ) ၅ထုပ်၊ လက်အိတ် (၁၀ဝ ခုပါ) ၅ဘူး၊ ရေမလို လက်သန့်ဆေးရည် (၅ဝမီလီ) ၁၀ ဘူး၊ ကလိုရင်းပိုးသတ်ဆေး (၁၈ လီတာ) ၃ ပုံး၊ ဘောလ်ပင်(၂၀၀) ချောင်း စုစုပေါင်းငွေကျပ် ၄၂၂၀၄၆ ဖိုးအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထိုက်တို့မှ ကိုယ်စားပေးအပ်လှူဒါန်းရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေဇော်အောင်နှင့် ကော်မတီဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကျော်မိုးနိုင်တို့က အသီးသီးလက်ခံရယူခဲ့ကြောင်း သိရသည်။

 

အောင်မြတ်လင်း (ပြန်/ဆက်)

 

received_204930001121179