မြောင်းမြ  မေ   ၂၉

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းရွေ့လျား စာကြည့်တိုက် မော်တော်ယာဉ်ဖြင့် မြောင်းမြမြို့နယ် တဲ့တဲ့ကူး ကျေးရွာနှင့် သဘော့ချောင်း ကျေးရွာနေ ကျေးလက်နေ ပြည်သူများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်း၊ လက်သန့်ဆေးရည်များ အသုံးပြုပေးခြင်းတို့ကို  ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

11373

 

အဆိုပါ အသိပညာပေး လုပ်ငန်းဆောင်ရွက်ရာတွင် ကျေးရွာနေ မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူတစ်ဦး ချင်းစီမှ လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်နှင့်အညီ လူစုလူဝေး မဖြစ်စေရေး၊ တစ်ဦးနှင့်တစ်ဦး သုံးပေကွာ နေထိုင်ရေး၊ နှာခေါင်းစည်း Maskများ တပ်ဆင် သည့် အလေ့အကျင့်များ ရှိစေရေး  အသိပညာပေးခြင်း၊ လက်ကမ်းစာ စောင်များဖြန့်ဝေခြင်း၊ လက်သန့် ဆေးရည်များ အသုံးပြုပေးခြင်း စသည့် ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

"ကျေးရွာပြည်သူတွေကို  Social Distancing နဲ့အညီ  နေထိုင်ဖို့ ၊ New Nomal ဖြစ်ဖို့ ၊ အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်း၊ လက်သန့်ဆေးရည်များ အသုံးပြုပေးခြင်းတို့ကို ဆောင်ရွက် ပေးခဲ့ပါတယ်" ဟု ဒေါ်ခင်ကြည်ရွေ့လျား ဖောင်ဒေးရှင်းတာဝန်ခံ ဒေါ်ထက်ထက်စုက ပြောသည်။

 

သင်းရနံ့(မြောင်းမြ)